
| (၁) | နိုင်ငံတော်၏ စီးပွားရေးခိုင်မာတောင့်တင်းပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ပို့ ဆောင်ရေးစွမ်းအားစုများအပြည့်အ၀အသုံးချနိုင်ရေး နှင့်အဆိုပါပို့ ဆောင်ရေးစွမ်းအားစုများဖွံ့ ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ရန်၊ |
| (၂) | အခြားစီးပွားရေးကဏ္ဍများ၏ တိုးချဲ့ထုတ်လုပ်မှုနှင့် လူမှုရေးလိုအပ်ချက်အပေါ်အပြည့်အ၀ ပံ့ပိုးနိုင်စေရေး ပို့ဆောင်ရေးကဏ္ဍ လိုအပ်ချက်များအား ဖြည့်တင်းခြင်း၊ တိုးချဲ့ ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်၊ |
| (၃) | ပြည်တွင်းပြည်ပ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ လုံခြုံချောမွေ့ စေရေးအပြင် နယ်စပ်ဒေသနှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သောတိုင်းရင်းသားလူမျိုးစုများ ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် အထောက်အကူပြုဆောင်ရွက်ပေးရန်၊ |
| (၄) | နိုင်ငံတော်အတွင်းရှိ သဘာဝသယံဇာတ မြစ်ချောင်းများအား ဆယ့်နှစ်ရာသီ စွမ်းအားပြည့် အသုံးပြုနိုင်ရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ |
| (၅) | ရေကြောင်းနှင့် လေကြောင်းပို့ ဆောင်ရေးကဏ္ဍများ အဆင့်မီ ဖွံ့ ဖြိုးတိုးတက်ရန် အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ရာတွင် လေထုနှင့်ရေထု ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသတ်မှတ်ပြဌာန်းချက်များနှင့် လိုက်လျောညီထွေမှု အရှိဆုံး ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ |
| (၆) | ပို့ ဆောင်ရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး အဓိကကျသည့် စီမံခန့် ခွဲမှုဆိုင်ရာ အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်ရေး၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများအား နားလည်တတ်ကျွမ်းသည့် ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊ |
| (၇) | ပို့ ဆောင်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများမှ ထုတ်ပြန် ထားသည့် ဥပဒေများ၊ အက်ဥပဒေများ၊ နည်းဥပဒေများ၊ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများအား လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ |
| (၈) | ပြည်တွင်းပြည်ပရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ ဆောင်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ပို့ ဆောင်ရေးကဏ္ဍအား multi-modal transport အဖြစ် ပုံဖော်ဆောင်ရွက်ရာတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ်ဆောင်ရွက်ရန်၊ |
| (၉) | ပြည်တွင်း၌၄င်း၊ ဒေသအတွင်း၌၄င်း၊ ကမ္ဘာ့မိသားစုအတွင်း၌၄င်း Transport Network တည်ဆောက်ရာတွင် အဆင်သင့် ဖြစ်စေရေး လိုအပ်သည့်အစီအမံများ ချမှတ်ပြီး အပြည့်အ၀ကောင်အထည်ဖော်ဆောင်ရွက်ရန်၊ |