
ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း အား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ဆိပ်ကမ်းဖြစ်ပါသည်။
ရန်ကုန်မြစ်ဝနှင့်ချဉ်းကပ်ရေလမ်းကြောင်း
ရန်ကုန်ဆိပ်ကမ်းသည်
ရန်ကုန်မြစ်ပေါ်တွင် ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်နှင့်
အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ်တွင် တည်ရှိပြီး မုတ္တမပင်လယ်ကွေ့
အပြင်စည်းခုံရေလမ်းကြောင်းမှ ကုန်းတွင်းပိုင်းသို့ ၃၂ ကီလိုမီတာ ကွာဝေးပါသည်။
ရန်ကုန် ဆိပ်ကမ်းသို့ ကုန်တန်ချိန် ၂၀၀ နှင့် အထက်ရှိသော ရေယာဉ်များ ၀င်ရောက်ပါက
ရေကြောင်းပြအား မယူမဖြစ် တောင်းခံရယူဝင်ရောက်ရမည် ဖြစ်ပါသည်။ ယေဘူယျအားဖြင့်
ရေတက်ရေပြည့် ချိန်တွင် အတွင်းစည်းခုံနှင့် အပြင်စည်းခုံတို့အား ဖြတ်သန်းဝင်ရောက်
ရပါသည်။

ဒီရေအတက်အကျ
ပျှမ်းမျှဒီရေအတက်အကျသည် ရေထရက်တွင် ခန့်မှန်း
၁၉.၃ပေ (၅.၈၅)မီတာနှင့် ရေသေရက်တွင် ၈.၄ ပေ (၂.၅၅)မီတာ ရှိပါသည်။
ရေစီးနှုန်း
ရန်ကုန်မြစ်၏ ရေထရက် ရေစီးနှုန်းသည် ရေမိုင် ၎
မိုင်မှ ၆ မိုင်နှုန်း ရှိပါသည်။ ရေတက်ချိန်မှ ၁ နာရီ ၁၅ မိနစ်ခန့် အကြာတွင်
ရေတက်ရေ စတင်စီးဆင်းပြီး ရေကျချိန်မှ မိနစ် ၃၀ ခန့် အကြာတွင် ရေကျရေ စတင်စီးဆင်း
ပါသည်။
လှိုင်းများ
ရန်ကုန်မြစ်အတွင်းရှိ ရေလှိုင်းများသည်
ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများအား
အနှောင့်အယှက်မပေးနိုင်ပါ။
မြစ်ဝရှိလှိုင်းများအခြေအနေသည် လှိုင်းအမြင့် ၂ မီတာ
ထက်နည်းသော လှိုင်းများသာ ဖြစ်ပေါ်ပါသည်။
သင်္ဘောအရွယ်အစား
ရန်ကုန်ဆိပ်ကမ်းသို့ ရေယာဉ်အလျား ၁၆၇ မီတာ၊
ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်သော သင်္ဘောများ ၀င်နိုင်ထွက်နိုင်ပြီး
သီလ၀ါဆိပ်ကမ်းသို့ ရေယာဉ်အလျားမီတာ ၂၀၀၊ ရေစူး ၉ မီတာနှင့် ကုန်တန်ချိန် ၂၀၀၀၀
ရှိသော သင်္ဘောများ ၀င် ̸ ထွက်နိုင်ပါသည်။
အလုပ်ချိန်
နေ့ဂိုဏ်း အလုပ်ချိန်သည် ၀၈း၀၀ နာရီမှ ၁၆း၀၀
နာရီအထိလည်းကောင်း၊ ညဂိုဏ်းအလုပ်ချိန်သည် ၂၀း၀၀ နာရီမှ ၀၄း၀၀ နာရီအထိလည်းကောင်း
ပုံမှန်ဆောင်ရွက်ပေးပါသည်။ အချိန်ပိုလုပ်ကိုင်ရန် လိုအပ်ပါက အလုပ်ချိန် ကာလ အတွင်း
ကြိုတင်တောင်းခံနိုင်ပါသည်။
ISPS Code ၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု
အခြေအနေ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုံခြုံရေးနှင့် ပတ်သက်၍
၁-၇-၀၄ နေ့မှစပြီး ၂၀၀၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ ချုပ်၏
ချမှတ်ထားသော ISPS Code အရ ဆောင်ရွက်လျက် ရှိပါသည်။