

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ အပ်နှင်းမည့်ဘွဲ့များမှာ –
( ၁) ရေယာဉ်တည်ဆောက်မှုဗိသုကာဘွဲ့
( ၂) ရေကြောင်းအင်ဂျင်နီယာဘွဲ့
( ၃) ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့
( ၄) မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့
( ၅) ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာဘွဲ့
( ၆) သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း) ရေကြောင်းသိပ္ပံ
( ၇) သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ
( ၈) ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည်ဘွဲ့ ကြိုသင်တန်းများကို၂၀၀၂ခုနှစ်သြဂုတ်လ (၁) ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါကျောင်းသား (၁၇၅၅) ဦး ပညာသင်ကြားလျက်ရှိပါသည်။ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ကို ၂၀၀၇ခုနှစ် ဖေဖေါ်ဝါရီ (၁)ရက်နေ့ မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ပထမနှစ်သင်တန်း ကျောင်းသားဦးရေ (၄၅၁) ဦးရှိပြီး၊ ဒုတိယနှစ်တွင် (၃၅၆) ဦး၊ တတိယနှစ်သင်တန်းတွင် (၂၉၆)ဦး၊ စတုတ္ထနှစ်သင်တန်းတွင် (၂၉၇) ဦး၊ ပဉ္စမနှစ် (အငယ်တန်း) တွင် (၁၉၂) ဦးနှင့် ပဉ္စမနှစ် (အကြီးတန်း) တွင်(၁၄၉) ဦးတို့ ပညာသင်ကြား လျက်ရှိပါသည်။
အထူးပြုဘာသာရပ်အလိုက်ကျောင်းသားဦးရေမှာ ရေယာဉ်တည်ဆောက်မှုတွင် ၁၃၆ ဦး၊ ရေကြောင်းအင်ဂျင်နီ ယာဘာသာရပ်တွင် ၅၅၈ ဦး၊ ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ် ၁၁၄ ဦး၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းဘာသာရပ် ၆ ဦး၊ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာဘာသာရပ် ၆၃ ဦးနှင့် ရေကြောင်းသိပ္ပံဘာသာရပ်တွင် ၄၂၈ ဦးတို့ရှိပါသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှအပ်နှင်းမည့်ဘွဲ့နှင့်သင်တန်းကာလမှာအောက်ပါအတိုင်းဖြစ်ပါသည်။
| ဘွဲ့အမည် | ပညာသင်နှစ် |
| - ရေယာဉ်တည်ဆောက်မှုဗိသုကာဘွဲ့ | ၅ နှစ် |
| - ရေကြောင်းအင်ဂျင်နီယာဘွဲ့ | ၅ နှစ် |
| - ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့ | ၅ နှစ် |
| - မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ | ၅ နှစ် |
| - ရေကြောင်းလျှပ်စစ်နှင့်အင်ဂျင်နီယာဘွဲ့ | ၅ နှစ် |
| - သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း) ရေကြောင်းသိပ္ပံ | ၅ နှစ် |
| - သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ | ၂ နှစ် |
| - ဆိပ်ကမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ | ၂ နှစ် |
ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်
အခြေခံပညာအထက်တန်းစာမေးပွဲတွင် စုစုပေါင်းအမှတ် (၆၀၀) အနက် အနည်းဆုံးရမှတ် (၄၀၀) ရရှိသည့် ကျောင်းသား(အမျိုးသား) များလျှောက်ထားခွင့်ရှိပါသည်။ လျှောက်ထားသူအားလုံးသည်ကျန်းမာရေး စစ်ဆေးခြင်းနှင့် မျက်စိစစ်ဆေးခြင်းအောင်မြင်သူများ ဖြစ်ရမည်။