http://www.mmu.info.ms
ပို့ဆောင်ရေးဝန်ကြီးဌာန
ပို့ဆောင်ရေးဦးစီးဌာန
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရေကြောင်းပညာသိပ္ပံ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
မြန်မာ့လေကြောင်း
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း

သမိုင်းကြောင်း

ပို့ဆောင်ရေးဝန်ကြီးဌာနသည် ရေကြောင်းသယ်ယူပို့ဆောင်မှု၊ သင်္ဘောတည်ဆောက်မှု၊ ဆိပ်ကမ်းများစီမံခန့်ခွဲမှု၊ ရေလမ်းထိန်းသိမ်းရေး၊ ပင်လယ်ပြင်တွင် အသက်အန္တရာယ် လုံခြုံရေးနှင့် မြန်မာနိုင်ငံမှ နိုင်ငံခြားသင်္ဘောများတွင် အလုပ်အကိုင်ရရှိစေရေးတို့ကို စီမံခန့်ခွဲရန် အခွင့်အာဏာရှိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁/၂၀၀၂ ဖြင့် မြန်မာနိုင်ငံရေကြောင်းပညာဥပဒေကို ၂၀၀၂ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် တွင် ပြဋ္ဌာန်း၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က၂၀၀၂ ခုနှစ် သြဂုတ်လ ၁ရက် တွင် ရန်ကုန်မြို့၊ ဆင်မလိုက်၊ ဘုရင့်နောင်လမ်း၊ ရေကြောင်းသိပ္ပံကျောင်းဝင်းအတွင်း၌ ယာယီဖွင့်လှစ်ခဲ့ပါသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနသည် တက္ကသိုလ်နှင့် ပေါင်းကူးဆက်သွယ်သည့်ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများကို အစိုးရ၏ သဘောတူညီချက်ဖြင့် လိုအပ်သလို တည်ထောင်နိုင်သည်။၂၀၀၄ခုနှစ် မတ်လ ၂၉ရက် တွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ကို ခေတ်မီသော ပုံစံဖြင့်ဖွင့်လှစ်ခဲ့ပြီး ယခုအခါကျောင်းသား (၁၇၄၁) ဦးသည် ဤတက္ကသိုလ်တွင် စာတွေ့၊ လက်တွေ့ လေ့လာ ဆည်းပူး သင်ကြားလျက်ရှိပါသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ အပ်နှင်းထားသော မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၏ လုပ်ဆောင်ချက်မှာ အရည်အသွေးပြည့်ဝသောရေ ယာဉ်တည်ဆောက်မှုဗိသုကာများ၊ ရေကြောင်းအင်ဂျင်နီယာများ၊ ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာများ၊ ဆိပ်ကမ်းအင်ဂျင်နီယာများ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာများနှင့်ရေကြောင်းအရာရှိ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်ဖြစ်ပါသည်။ ထိရောက်မှုရှိသော ရေကြောင်း ပညာရပ်များနှင့် လေ့ကျင့်မှုကိုရရှိစေရန် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် အပြည်ပြည်ဆိုင်ရာရေကြောင်း တက္ကသိုလ် များ၊ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) ၏ STCW 95 Convention ကို အခြေခံ၍ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးဇယားများကို ရေးဆွဲထားပါသည်။