http://www.mfsl-shipping.com
ပို့ဆောင်ရေးဝန်ကြီးဌာန
ပို့ဆောင်ရေးဦးစီးဌာန
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရေကြောင်းပညာသိပ္ပံ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
မြန်မာ့လေကြောင်း
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း

လုပ်ငန်းဆောင်ရွက်မှုများ

သင်္ဘောအင်အား

နိုင်ငံခြားသွားသင်္ဘော
  တန်ချိန်    တန်ချိန် 
ထားဝယ်  ၁၁၆၅၄ ၊ ၃၈၂ *  မော်လမြိုင်  ၁၁၆၆၀ ၊ ၄၀၀ * 
ကျိုင်းတုံ  ၁၁၆၅၄ ၊ ၃၈၂ * စစ်တွေ  ၁၁၆၆၀ ၊ ၄၀၀ *  
စစ်ကိုင်း  ၁၃၀၅၅ ၊ ၃၈၃ * Cosmic Master ၁၀၂၉၀ 
မကွေး  ၁၃၀၅၅ ၊ ၃၈၃ * Cosmic Challenger ၈၃၃၅ 
ပဲခူး  ၁၃၁၀၅ ၊ ၃၈၃ * Ocean Brave ၆၉၅၀
မန္တလေး  ၁၃၁၀၅ ၊ ၃၈၃ *  Spring Trader ၈၂၄၂ 
ချင်းရွှေဟော် ၃၃၀၀  မိုင်းလား  ၃၃၀၀ 
ပုဂံ   ၂၀၇၆  ဘားအံ  ၂၀၇၆ 
* သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ 

ကမ်းရိုးတန်းသွားသင်္ဘော 
  တန်ချိန်    တန်ချိန် 
လွိုင်ကော် ၇၉၀  လားရှိုး  ၇၀၀ 
ဖားရွှေကျော်ရွာ  ၁၅၇၅  ရွှေလီ  ၁၃၀၅ 
ထုံးရွာ  ၁၇၂၀  ဟားခါး  ၉၄၈ ၊ ၃၁၅ *
မြစ်ကြီးနား  ၉၄၈ ၊ ၃၁၅ *   တောင်ကြီး  ၉၄၈ ၊ ၃၁၅ *  
သံလွင်  ၅၉၂ ၊ ၄၄၀ *   ချင်းတွင်း  ၅၉၂ ၊ ၄၂၈ *  
* တင်ဆောင်နိုင်သောခရီးသည် 

နိုင်ငံတကာနှင့်မြန်မာ့ကမ်းရိုးတန်းများသို့ ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်း အဆင်ပြေချောမွေ့စေရေး အတွက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အောက်ပါခရီးစဉ်များ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပါသည်-

အရှေ့ဖျားခရီးစဉ်

-တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်

အရှေ့တောင်အာရှခရီးစဉ်

- စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း

ဥရောပခရီးစဉ်
- အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်

ကုန်သေတ္တာခရီးစဉ်

- ရန်ကုန်နှင့်စင်္ကာပူကြား (သုံးရက်ခြားခရီးစဉ်)

ကမ်းရိုးတန်းခရီးစဉ်

- စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ ကိုကိုးကျွန်း


ပင်လယ်ရေကြောင်းသယ်ယူပို့ ဆောင်ရေးလှုပ်ရှားမှုများ

တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့သင်္ဘောလုပ်ငန်းနှင့်ရင်ဘောင်တန်းလိုက်နိုင်ရန် အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး အတွေ့အကြုံများဖြင့် အောက်ပါလုပ်ငန်းများကို အထောင်အထည်ဖော် ဆောင်ရွက်ပေးနေပါသည်။



အထွေထွေကုန်သယ်ယူပို့ ဆောင်ရေး
နိုင်ငံတော်၏ စီးပွါးရေးဖွံ့ ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန်မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်းသည် ဓါတ်မြေသြဇာ၊ ဘိလပ်မြေ၊ ပဲမျိုးစုံ၊ သစ်နှင့် အခြားပို့ကုန်၊ သွင်းကုန်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါသည်။

ကုန်သေတ္တာသယ်ယူပို့ ဆောင်ရေးလုပ်ငန်း
ခေတ်မီဖွံ့ ဖြိုးတိုးတက်လာသော ပင်လယ်ရေးကြောင်းသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ရန်ကုန်နှင့် စင်္ကာပူကြားတစ်ပတ်လျှင် (၂)ကြိမ် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။

ကိုယ်စားလှယ်လုပ်ငန်း
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဖြင့် တင်ဆောင်လာသော ကုန်ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းတွင်
ကုန်တင်/ကုန်ချမှုလုပ်ငန်းမှန်ကန် မြန်ဆန်စေရန် ကိုယ်စားလှယ်လုပ်ငန်းဌာနတစ်ခု ဖွင့်လှစ်၍ ထိရောက် စွာဆောင်ရွက်လျှက် ရှိပါသည်။



သာကေတဆိပ်ခံတံတား

နယ်စပ်ဒေသများဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းရှိ ဆိပ်ကမ်းမြို့ များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ကိုကိုးကျွန်း၊ မြိတ်၊ ကော့သောင်းတို့ကို ခရီးသည်နှင့် ကုန်များသယ်ယူပို့ဆောင်နိုင်စေရန် အတွက် ဆိပ်ခံတံတားတစ်ခုကို သာကေတမြို့ နယ်ရှိ ပဲခူးမြစ်ကမ်းပေါ်တွင် တည်ဆောက်ထားပြီး လုပ်ငန်း ဆောင်ရွက်လျှက် ရှိပါသည်။