
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏မူလအဖွဲ့အစည်းမှာ IRRAWADDY FLOTILLA Co., Ltd ဖြစ်ပြီး၁၈၆၅ခုနှစ်တွင်တည်ထောင်ခဲ့သည့်ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ် ဇွန်လ ၁ ရက် တွင်ယင်းကုမ္ပဏီအားပြည်သူပိုင်ပြုလုပ်ခဲ့ပြီး၊ “ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့“အမည်ဖြင့်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကိုဆက်လက် ဆောင်ရွက်ခဲ့ပါသည်။အုပ်ချုပ်ရေးစနစ်သစ်ဖေါ်ဆောင်မှုအစီအစဉ်အရ ၁၉၇၂ ခုနှစ် မတ်လ ၁ရက် တွင် “ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း“အမည် ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ရက် တွင် “ပြည်တွင်းရေကြောင်းပို့ဆောင်ရေး“အမည်ဖြင့် လည်းကောင်းပြောင်းလဲ၍လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။