
ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍၊ကုန်သွယ်
ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်းသင်တန်းများကို ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ၁၉၆၃ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ ကုန်သွယ်ရေကြောင်း(အမှုထမ်း)များအတွက်ရှေ့ပြေးအစီအစဉ်များကို
ရေးဆွဲပြီး၁၉၇၁ခုနှစ် အောက်တိုဘာ ၁ရက် တွင် ကုန်သွယ်ရေကြောင်းလေ့ကျင့်ရေးကျောင်းကိုတည်ထောင်
ခဲ့ပါသည်။
ထို့နောက် ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်တွင် ရေကြောင်းပညာသိပ္ပံကျောင်းအမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။ ရေကြောင်းပညာသိပ္ပံ၏ တိုးချဲ့ ဖွဲ့ စည်းပုံအားထောက်ခံခဲ့သည့်၂၀၀၅ခုနှစ် ဇန်န၀ါရီလ ၁၃ရက် တွင်ကျင်းပသောနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေး(၂/၂၀၀၅) ၏ဆုံးဖြတ်ချက်အားနိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီမှအတည်ပြုခဲ့ပါသည်။