

ယခင် ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအား ၁၉၉၂ ခုနှစ်တွင် ပို့ ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနများအဖြစ်ဝန်ကြီးဌာန (၃) ခုသို့ ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးမှ ၁၉၉၂ခုနှစ် နိုဝင်ဘာ (၅) ရက် နေ့စွဲပါ စာအမှတ် ၃၅၂ - ပဆ/ခွဲ (၂) ၉၂ ဖြင့် ၁၉၉၂ ခုနှစ် စက်တင်ဘာ (၉) ရက်တွင် ကျင်းပသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူတည်ဆောက်ရေးအဖွဲ့
အစည်းအဝေးအမှတ်စဉ် (၃၆/၉၂) မှ ဆုံးဖြတ်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်တွင် ပို့ဆောင်ရေး ဦးစီးဌာနအား ဖွဲ့စည်းခဲ့ပါသည်။
ပို့ဆောင်ရေးဦးစီးဌာနအား စီမံကိန်းနှင့်ဘတ်ဂျက်ဌာနခွဲ၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲအဖြစ် ဌာနခွဲ (၂) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ အာဆီယံ ပို့ဆောင်ဆက်သွယ်ရေး အဖွဲ့ငယ်အား ၁၉၉၇ခုနှစ်၊ ဇူလိုင်လတွင် ၀န်ကြီးဥက္ကဌဖြင့် ဤဦးစီးဌာနတွင် တွဲဘက်ဖွဲ့စည်းခဲ့ပါသည်။