
လွတ်လပ်ရေးမရမီ (B.O.A.C) လေကြောင်းကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိလာသောအခါ ယင်းလေကြောင်းကုမ္ပဏီလက်အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် ခေတ်ပညာတတ် စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူ လူငယ်များက ကြိုးစား နည်းလမ်းရှာဖွေခဲ့ရာ International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ ပြလေကြောင်းဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။
မြို့ ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုလျက ၁၉၄၇ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဌာန်း၍ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်သြဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်
ပါဝင်ခဲ့ပါသည်။